ပန်းဥယျာဉ်ထဲက ပန်းလေးများ







စိမ်းစိုလှပဝေဆာနေတဲ့ ပန်းဥယျာဉ်ကြီးတစ်ခုထဲမှာပေါ့ဗျာ.......... ပန်းတွေဟာ အရောင်အသွေးအမျိုးမျိုး၊ရနံ့အမျိုးနဲ့ ဖူးပွင့်နေကြတယ်ပေါ့

တစ်နေမှာတော့ ပန်းလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အလှပြိုင်ကြသတဲ့.... ငါက လှတယ် သူက ငါ့လောက်မလှဘူးနဲ့ပေါ့

အဲ့မှာ ပန်းတွေရဲ့သခင်မဟာ ပန်းတွေအတွက် အလှရွေးပွဲကို နောက် (၃)ရက်မှာ ကျင်းပမယ်လို့ကြေငြာလိုက်တယ် ... အဲ့ဒီပွဲအတွက် ပန်းကလေးတွေဟာ သူ့တို့ရဲ့အလှကို ဖွင့်ထုတ်ပြဖို့အတွက် အစွမ်းအကုန် ပြင်ဆင်နေကြတယ်လေ.....ဒါပေမယ့် ပန်းလေးတွေမှာ တစ်ချို့က အရောင်လှ တယ်၊တစ်ချို့က ရနံ့မွှေးတယ်...တစ်ချို့ ကျတော့လည်း အရောင်ရောအနံ့ရော မွှေးတာပေါ့....

အဲ့လိုပြင်ဆင်နေတဲ့အချိန်မှာ အဲ့ ပန်းဥယျာဉ်ကြီးရဲ့ အပြင်ဘက်နားမှာ အလွန်မွှေးပျံ့ပြီး အရောင် အရမ်းလှတဲ့ အဆိပ်ပန်းပင်တစ်ပင်ရှိတယ် အဲ့ ပန်းပင်နားမှာ ဘယ်အပင်မှ မရှင်သန်ကြဘူး ဘာကြောင့်လဲဆိုတော့

သူ့မှာအဆိပ်ရှိနေတော့ ကျန်ပန်းပင်တွေဟာ မရှင်သန်နိုင်ကြဘူး မနေရဲကြဘူးလေ......အဲ့ဒါကြောင့် သူက တစ်ထီးတည်းဖြစ်နေရတာပေါ့..ဒါကို သူက နားမလည်ပဲ သူ့ကိုယ့်သူလှတယ် ဆိုပြီး မာန်တက်နေတယ်

ပန်းအလှပြိုင်ပွဲဆိုတော့ သူလည်းဝင်ပြိုင်မယ်ပေါ့နော်....သူဝင်ပြိုင်မှာကို အားလုံးကလန့်နေကြတယ် ပြီးတော့ သူ့ကိုဘယ်သူမှ သွားလည်းမပြောရဲကြဘူးလေ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ရနံ့ဟာ ပန်းပင်တွေကို သေစေနိုင်တယ်လေ...အဲ့ဒါကြောင့် သူ့ကိုအားလုံးကလန့်နေတာပေါ့ ဒါကြောင့် အခု ပန်းအလှပြိုင်ပွဲမှာ အားလုံးက ပြိုင်ချင်လို့သာ ပြိုင်ရမှာ အရင်လိုမပျော်ကြတော့ဘူးလေ...အဲ့ဒါနဲ့ ပန်းတွေဟာ သူ့တို့မှာ ရှိတဲ့အလှတွေကို

အစွမ်းအကုန်ထုတ်ပြီး အလှပြိုင်ပွဲမှာ ဘယ်သူအလှဆုံးလဲဆိုတာ ပြိုင်ကြတာပေါ့....အဲ့ဒီပန်းပြိုင်ပွဲကို အလှည့်ကျ ပုံစံအမျိုးမျိုးနဲ့ ပန်းကလေးတွေဟာ ပြိုင်ကြတာပေါ့....အဲ့ဒီအချိန်ဟာ ဥယျာဉ်ကြီးထဲမှာ အ၇မ်းကို မွှေးကြိုင်နေတာပေါ့နော်.

ဒါကြောင့် ဥယျာဉ်ကြီးကို ဖြတ်သန်းသွားတဲ့သူတွေက ၀ိုင်းပြီး ဥယျာဉ်ကြီးကိုချီးမွမ်းကြတယ်... ပန်းလေးတွေကိုလည်း ယုယကြတယ်ပေါ့.......အဲ့ဒီလိုနဲ့ ပြိုင်လာကြတာ အဆိပ်ပန်းပင်အလှည့် ရောက်လာတာပေါ့

အဲ့ဒီအချိန်မှာ အဆိပ်ပန်းပင်က သူ့ရဲ့အလှကို အစွမ်းကုန်ထုတ်လိုက်ပြီး သူ့ရဲ့ရနံ့ကိုလည်း အစွမ်းကုန် လွင့်ထုတ်လိုက်ရော ဘေးနားမှာ ရှိနေတဲ့ပန်းလေးတွေဟာ ပြိုင်ပွဲနားမှာ မနေနိုင်ကြပဲ ပြိုင်ပွဲနဲ့ဝေးရာကို ထွက်ပြေးသွားကြရတယ်

ပြီးတော့ သူ့ရဲ့အနံ့ဟာ ဘယ်လောက်ပြင်းလဲဆိုရင် ဥယျာဉ်ဘေးနားကို ဖြတ်သန်းသွားတဲ့သူတွေကို မှုးယစ်မော အော့အန်စေတယ် အဲ့လိုတွေဖြစ်ကုန်တာပေါ့ .... ဥယျာဉ်ရဲ့လှပတဲ့ ဂုဏ်သတင်းဟာလည်း မေးမှိန်ကုန်တာပေါ့နော်...

အဲ့ဒီသတင်းဆိုးဟာ ဘယ်လောက်တောင်ဖြစ်သွားလဲဆိုရင် ဘုရင်ကြီးရဲ့နားအထိတောင် ရောက်သွားတာပေါ့ ...ပြီးတော့ ဒီဥယျာဉ်ဟာ ဘုရင့်ဥယျာဉ်ဖြစ်လေတော့ ဘုရင်က ဥယျာဉ်မှူးကို ခေါ်ပြီး မိန့်တော်မှုတာပေါ့

ဒီပြသနာကို အမြန်ဆုံးဖြေရှင်းခိုင်းတာပေါ့ ...အဲ့ဒါနဲ့ ဥယျာဉ်မှူးကြီးလည်း သူ့ဥယျာဉ်ကို လှည့်လည် ကြည့်ရူတာပေါ့နော် ပန်းတွေလှနေတာ ပွင့်နေတာကိုတွေ့တာပေါ့ ဒါပေမယ့် ပန်းတွေက မမွှေးကြဘူး အနံ့တစ်မျိုးဖြစ်နေတာပေါ့

ဒီလိုနဲ့ ပန်းသေတွေကြားမှာ အရမ်းလှပနေတဲ့ ပန်းလေးကို ဥယျာဉ်မှူးကြီးက ရှာတွေ့သွားတယ်....ဒီလိုနဲ့ သူဟာ လေ့လာတာပေါ့ ပန်းလေးကိုနမ်းကြည့်လိုက်တော့ အနံ့ဟာ တော်တော်ဆိုးမှန်းသိသွားတယ်....ပြီးတော့ ဥယျာဉ်ထဲမှာ

ရတဲ့ အနံ့ဟာ ဒီအပင်ရဲ့ အနံ့မှန်း ချက်ချင်းသိသွားတယ် ဒါနဲ့ ဥယျာဉ်မှူးဟာ အဲ့ဒီပန်းကို အမြစ်ကပါ တူးဆွပြီး ဥယျာဉ်နဲ့ဝေးတဲ့ နေရာကို လွင့်ပစ်လိုက်တယ်.....အဲ့နောက်ပိုင်းမှာတော့ အဲ့ဒီဥယျာဉ်လေးဟာ အရင်ကအတိုင်းပဲ ပန်းလေးတွေနဲ့ မွှေးပျံ့နေတာပေါ့နော်..........ပန်းကလေးတွေဟာ လည်းတစ်ဦးနဲ့တစ်ဦး မပြိုင်ဆိုင်ကြတော့ ပဲ ချစ်ခင်ရင်းနှီးစွာ နေသွားကြပါတော့တယ်.................။



(ဒီပန်းပုံပြင်လေးကို ဖတ်ပြီး စာဖတ်သူတွေကပဲ တွေးလိုက်ကြပါတော့...........................။)
 
 
 
တင်ပြသူ....... ခင်ဇော်လင်း (မှော်ဘီ)

0 comments:

Post a Comment

 
Free Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Website templateswww.seodesign.usFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver