"အလင်းရောင်"




ညဥ့်ရဲ့မှောင်မိုက်မှုကို

အံတုဖြိုကာ

လမ်းမီးတိုင်များက

ထွန်းလင်းပေးခဲ့တယ်

ညဥ့်ရဲ့တိတ်ဆိတ်တဲ့

လှပမှုတွေကို

သော်တာလမင်းက

ပေါင်းစပ်ခဲ့တယ်

ညဥ့်ငှက်တို့ရဲ့

ဆိုညဉ်းသံတွေက

မှောင်မိုက်မှုကို

တန်ဆာဆင်ခဲ့တယ်

နေ ရဲ့အလင်းဟာ

နေ့မှာ ထွန်းလင်းခဲ့မေမယ့်

ညတစ်ညရဲ့အလင်းလောက်

တန်ဖိုးမမြင်ခဲ့ဘူး

ရှုပ်ထွေးလှတဲ့

လူ့ဘောင်ဘ၀ရဲ့

မှောင်မိုက်မှုမှာ

ထွန်းလင်းပေးမယ့်

အလင်းရောင်လေးဟာ

မှေးမှိန်ချင်မှေးမှိန်လိမ့်မယ်

သူ့ရဲ့တန်ဖိုးကတော့

နှိုင်းမရနိုင်ဘူး

ဒီတော့လေ...

ကျင်လည်နေတဲ့

လူ့ဘ၀ခဏတာမှာ

ညအခါ

အလင်းရောင်ပေးတဲ့

သော်တာလမင်းကြီးလို

မဖြစ်ခဲ့တောင်မှ

အနီးနားမှာ

ဖြန့်ကျက်နေတဲ့

ကြယ်ကလေးတော့ဖြစ်နိုင်ပါစေ.....။





ခင်ဇော်လင်း (မှော်ဘီ)

0 comments:

Post a Comment

 
Free Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Website templateswww.seodesign.usFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver