ဖတ်မိ၊ကြားမိ၊တွေးမိသော ဟာသ ဒသန စာစု ဗီတာမင် အားဆေးများ




၁။ တစ်ရက်ရယ်မောနေခြင်းဟာ ထိုသူ၏ အသက်ကို တစ်လပိုကြာရှည်စွာနေနိုင်စေ၏။

၂။ကိုယ့်အပေါ်တွင် မတရားအပြစ်တင် ပြောဆိုပြုမှုလာသောသူအား အကောင်းဆုံးသော တန်ပြန်နည်းဟာ ရယ်မောနေပြခြင်းပါပဲ။

၃။ဥာဏ်ကောင်းသောသူဟာ ရယ်မောနေတတ်သည့် အလေ့အထကြောင့် ထိုသူရဲ့ဘ၀ဟာ အမြဲ ကံကောင်းနေလေ့ရှိ၏။

၎။လူမူပေါင်းသင်းဆက်ဆံရေးရဲ့ အကောင်းဆုံးသော ဆက်သွယ်ရေးသင်္ကေတဟာ အပြုံးဖြင့် နှုတ်ဆက်ခြင်းသာ ဖြစ်တယ်။

၅။လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်...။ ဒါပေမယ့် အဲ့ဒီအတွေးတွေကိုတော့ မပိုင်ဆိုင်နိုင်ကြဘူး။

၆။လောကကြီးမှာ လမ်းလျှောက်နေကြတဲ့သူတွေ အများကြီးရှိကြတယ်..။ ဒါပေမယ့် လမ်းပျောက်နေကြတဲ့ သူတွေလည်း  အများကြီးရှိကြတယ်။

၇။လူ့ဘ၀တစ်လျှောက်လုံးမှာ လူ့လောကကြီးအတွက် ဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ရင်နေပါစေ.။ သစ်ပင်လေးတစ်ပင်တော့ လူသားတွေအတွက် စိုက်ပျိုးခဲ့နိုင်ပါစေ..။

၈။ချိုသာသောစကားတစ်ခွန်းဟာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးနဲ့တူတယ်။

၉။ကိုယ့်ဘ၀ကို ကိုယ့်ကပဲဖန်တီးရမှာပါ။

၁၀။နေရာတကာကို ကော်ပီချည်းပဲလုပ်မနေပါနဲ့ ကိုယ်ပိုင်လည်းတီထွင်နိုင်ပါတယ်..။

၁၁။လူတွေဟာ သူတို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်ကို ပျော်ရွှင်ခြင်းအနည်းငယ်နှင့် စိတ်ဆင်းရဲခြင်း များစွာဖြင့် ဖြတ်သန်းခဲ့ကြတယ်။

၁၂။လူတွေဟာ အေးချမ်းသာယာပြီး ခေတ်မီလှပတဲ့ ဘ၀လေးကို လိုချင်ကြတယ် ဒါပေမယ့် အဲ့ဘ၀လေးကိုပဲ သူတို့က အကြောင်းအမျိုးမျိုးဖြင့် ဖျက်ဆီးပစ်ကြပြန်တယ်။

၁၃။အလုပ်ကို လုပ်ချင်တဲ့သူတွေအတွက် အကြံဥာဏ်တွေရှိနေပြီး အလုပ်မလုပ်ချင်တဲ့ သူတွေ အတွက်ကတော့ အကြောင်းပြချက်တွေ ရှိနေတယ်။


                                                                                                                      ခင်ဇော်လင်း (မှော်ဘီ)

0 comments:

Post a Comment

 
Free Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Website templateswww.seodesign.usFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver