Wednesday, August 25, 2010

“ဖူးစာ”

"ဖူးစာ"



လမ်းပေါ်မှာကားတွေ

တရှိန်ထိုးပြေးလွှားနေတယ်

လူတွေကလည်း

ဥဒဟိုသွားလာနေတယ်

များပြားလှတဲ့

ဖန်တီးမှုကြားမှာ

မမျှော်လင့်ပဲ

ဆုံတွေခွင့်ရပြီး

ချစ်မိခဲ့ရတာ

မောင့်တစ်ဘ၀အတွက်တော့

အပျော်ရွှင်ဆုံးနေတွေများထဲက

နေ့မြတ်လေးတစ်နေ့လို

ခံစားမိတယ်

အနေဝေးပေမယ့်

မောင့်စိတ်တွေက

မင်းလေးထံပါးကနေ

တစ်ဖ၀ါးမှမခွါရက်နိုင်ဘူး

အဲ့ဒါကလေ

မောင် မင်း ကိုချစ်လို့ပါ.............................။



ခင်ဇော်လင်း (မှော်ဘီ)

No comments:

Post a Comment