အချစ်ဆိုတာ အတတ်ပညာတွေထဲက တစ်ခုပါပဲ


လူတိုင်းမှာ ပျော်ရွှင်ခြင်းအနည်းငယ်နဲ့ စိတ်ဆင်းရဲခြင်းများစွာဖြင့်
ကိုယ့်သက်တမ်း မကုန်မချင်း လှုပ်ရှားနေကြရတယ်....အဲ့လိုမျို

နေနေရတာတောင် မတူညီချင်းတွေရှိနေတာကြောင့် ရွေးချယ်မှုတွေလည်း
ကွဲပြားကုန်ပါတယ်....အရာအားလုံးဟာ တူညီနေမယ်ဆိုရင်

လည်း မဖြစ်သေးပါဘူး...ဘာဖြစ်လို့တုန်း ဆိုတော့ဗျာ အကြိုက်ချင်းတူနေရင်
ရန်သူဖြစ်မယ်ဆိုတဲ့ စကားအတိုင်းပေါ့နော်...အခုတောင်

မတူညီတာတွေရှိနေတာတောင် တစ်ခါတစ်လေ အကြိုက်ချင်းတူမိကြတော့ ပစ္စည်းလုတာ
ဘာမှမဖြစ်ပေမယ့် ...ရည်းစားလုရင်တော့

မကောင်းဘူးပေါ့လေ ...ဘယ်သူပဲဖြစ်ဖြစ်ပါ..ပြိုင်ဘက်ဆိုတာ မျိုး ကို
ကိုယ့်ဘေးနားမှာ ခဏလောက်ထားချင်မှာမဟုတ်ဘူးနော်..

လူတွေမှာ အချစ်ဆိုတဲ့ စကားလုံးကို ပုံအမျိုးမျိုးပြောင်းပြီး
ပြောနေကြပေမယ့် ဘယ်သူ့မှ ကိုယ့်အသက်လောက် ချစ်ကြမှာ မဟုတ်ဘူး

လေ..အဲ့ဒါကလည်း ရှင်းပါတယ် မိမိသာ ပထမ ဖြစ်ချင်တဲ့စိတ်ကြောင့်ပေါ့
..ကိုယ်ကောင်းဖို့ သူများကို  ခုတက်ဖို့ ကြိုးစားနေကြသူတွေ

ကိုယ့်ပတ်ဝန်းကျင်မှာ သတိထားကြည့်လိုက်စမ်းပါ ..ပြီးတော့ တွေးကြည့်စမ်းပါ
အဲ့အထဲမှာ ငါရော ပါနေပြီလားလို့ မကောင်းဘူးဆိုတာ

သိသွားပြီဆိုရင်တော့ ချက်ချင်းပဲပြင်လိုက်ပါနော်
...ဘာဖြစ်လို့လည်းဆိုတော့ လူတွေဟာ မကောင်းမှုမှာပဲ
ပျော်မွေ့တတ်ကြလို့ပါ....

အဲ့ဒါကလည်း အပြစ်တော့မဟုတ်ဘူးလေ အပေါ်ယံပဲကြည့်ပြီးခံစားတတ်တဲ့သူတွေမှာ
အချစ်ဆိုတာဟာ တိုင်ကွယ်ခဲ့ရင် ပျောက်သွားသ

လိုပါပဲ .....လူတွေဟာ ကိုယ့်ရှေ့မှာ မျက်စိဖြင့်မြင်နေရတဲ့
အရာလေးတွေကိုသာကြည့် ပြီး ကျေနပ်နေကြတာကြောင့် လူလိမ်တွေရှိနေ

ရတာပေါ့ဗျာ..တကယ်တမ်းသာ မျက်စိအရှေ့က မြင်နေရတဲ့ မျက်နှာဖုံးတွေကို
ခွါကြည့်ပြီးဆုံးဖြတ်ကြည့်စမ်းပါ လှပတဲ့ပန်းလေးတွေကို

မြင်လာပါလိမ့်မယ် .....လူတိုင်းမှာ အလှတရားကိုယ်စီရှိပါတယ်
...အဲ့ဒီအလှတရားကို လူတွေက သတိပြုမိချင်မှပြုမိပါလိမ့်မယ်...မိမိမှာ

ရှိနေပြီးပိုင်ဆိုင်ထားတဲ့ အလှတ၇ားတွေကို မေ့ပစ်ပြီး
အသစ်တွေကိုပဲထပ်ရှာမလား ဒါမှမဟုတ် ရှိနေပြီးသားအလှတရားကိုပဲ ပိုကောင်း

သွားအောင် ပြုပြင်မလားဆိုတာကို တော့ စာဖတ်သူကိုယ်တိုင်ပဲ
ဆုံးဖြတ်ကြည့်ပါဗျာ...လူတွေဟာ အချစ်ဆိုတဲ့ ၀ိုင်အရက်ထဲကို
အဆိပ်ဟုခေါ်နိုင်သော အဆင့်အတန်း နည်းနည်းပဲထည့်ကြည့်လိုက်တဲ့အခါမှာ
အချစ်ဆိုတဲ့ ၀ိုင်အရက်ကို မသောက်ဝံ့ကြတော့ပဲ အချစ်ဆိုတဲ့အရာလည်း
တန်ဖိုးပျက်ခဲ့ရပါတယ် ...အရင်းစစ်တော့ အမြစ်က အခြေ ဆိုသလိုပေါ့ အဲ့လို့
အဆိပ်ခတ်ထားတဲ့ ၀ိုင်တစ်ခွက်ကို သောက်မိတဲ့ အချစ်ရေးဟာလည်း ဘယ်လိုလို့
အသက်ရှင်နိုင်ပါတော့မလဲဗျာ.... ဒါကြောင့် အပေါ်ယံအဆင့်အတန်းထက်
ပိုကောင်းတဲ့ စိတ်ထားတွေ က ပိုအရေးကြီးပါတယ် ရုပ်လှဖို့ ထက်
ချမ်းသာဖို့ထက် အကျင့်စာရိတ္တတွေ စိတ်ဓါတ်တွေမွန်မြတ် နေဖို့ အရမ်းကို အရေးကြီးတယ်ဗျာ.............


ခင်ဇော်လင်း (မှော်ဘီ)

"ဒီလိုမနေ နဲ့ ဒီလိုနေ"



ပန်းလေးတွေထက် မွှေးပျံ့အောင် မင်းမစွမ်းဆောင်နိုင်ဘူး ဒါပေမယ့် ပန်းလေးတွေကိုမြင်ပြီး မင်းမွှေးပျံ့မှုကို ခံစားနိုင်တယ် ပျော်ရွှင်ခြင်းဆိုတာကိုမင်းမဖန်တီးနိုင်သေးခင်မှာ သူများရဲ့ ပျော်ရွှင်မှုတွေကို မျှဝေခံစားနိုင်ပါတယ်... ပျော်ရွှင်မှုကို ကိုယ်တိုင်လည်းဖန်တီးခံစားနိုင်သလို သူများတွေကိုလည်း ကိုယ်နဲ့ထပ်တူ ခံစားနိုင်ဖို့ မျှဝေနိုင်ပါတယ်... ပျော်ရွှင်တာကကောင်းပါတယ် ဒါပေမယ့်ပျော်ဝင်သွားရင်တော့ ပျောက်သွား မှာပေါ့နော် ဒါကြောင့်ပျော်ရွှင်နိုင်ပါတယ် မပျော်ဝင်ပါစေနဲ့ မိမိဟာ လူ့စည်းကမ်းတစ်ခုကို လိုက်နာလိုက် မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလေးမှာ နည်းနည်း ငြိမ်းချမ်းသွားနိုင်တယ် ဒါကြောင့် မိမိကစပြီး ပတ်ဝန်း ကျင်လေးကို စံနမှုနာတစ်ခုအဖြစ် ဆောင်ရွက်ပြလိုက်ပါ လူသားတွေအားလုံး ပျော်ရွှင်လာပါလိမ့်မယ်

ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ နေ့စဉ်အလုပ်မှာ ပျော်ရွှင်မှု အနည်းငယ်နဲ့ စိတ်ညစ်မှုများစွာဖြင့် လုပ်ဆောင်နေရလို့ပါပဲ ပျော်ရွှင်မှုဆိုတာ ဖန်တီးယူလို့ရပါတယ် ဘယ်လိုဖန်တီးယူမလဲဆိုတော့ ဥပမာ
စိတ်ညစ်တယ်လို့ ပြောမယ့်အစား ငါပျော်လိုက်တာလို့ပြောကြည့်ပါ  မကြာမကြာ ပြောကြည့်ပါ ပျော်ရွှင်လာတယ်လို့ ခံစားရလာပါလိမ့်မယ် ဒါကြောင့်လေ အပြုသဘောတွေကိုဆောင်ရင် အပြုသဘောတွေ ရမယ်ပေါ့ဗျာ ပျော်ရွှင်မှုတွေကိုဆောင်ရင် ပျော်ရွှင်ခြင်းတွေရလာမှာပေါ့ ဒါဆို လှပပြီး သာယာတဲ့ ကိုယ်ပိုင်ဘ၀လေးတစ်ခု ဖြစ်လာမှာပါပေါ့ဗျာ အဲ့အထဲမှာတော့ဟန်ဆောင်မှုကင်းတဲ့
ပျော်ရွှင်မှု ဆိုတာကတော့ တန်ဖိုးဖြတ်လို့မရနိုင်အောင် အဖိုးတန်ဆုံးပါပဲဗျာ


            တင်ပြသူ....... ခင်ဇော်လင်း (မှော်ဘီ)

နံနက်ဖြန်

"နံနက်ဖြန်"




 

နေ့သစ်တိုင်းကို

ငှက်တေးတွေဖြင့်

ရှင်နေမင်းက

တံခါးဖွင့်ပေးတယ်

ကိုယ့်ဘ၀ရဲ့

ရင်တံခါးလေးကို

လှပတဲ့အနမ်းတွေနဲ့

ချစ်သူက

ဖွင့်ပေးခဲ့တယ်

သာယာတဲ့နေ့တစ်နေ့မှာ

လှပပြီးမွှေးပျံ့တဲ့

ပန်းခင်းထဲမှာ

ချစ်နဲ့ကိုယ်

တူယှဉ်တွဲဖို့

အိပ်မက်ကနှိုးတိုင်း

တမ်းတမိဖူးတယ်

ပန်းလေးတွေလှပသလို

ချစ်သူကလည်း

မောင့်ရင်မှာ လှနေတယ်

လေပြေအေးလေးတွေက

သာယာစွာတိုက်ခတ်နေသလို

ချစ်သူရဲ့ အသံလေးတွေက

မောင့်နှလုံးသားကို

ခွန်အားသစ်တွေ

မွေးဖွားစေတယ်

ချစ်သူတစ်ယောက်ကို

အသက်ရှုပျောက်တောင်

ချစ်နေမိတာ

မောင့်အပြစ်မဟုတ်ပါဘူးနော်

ဒါဟာလေ

မင်းကို မောင်ချစ်နေလို့ပေါ့.............။
 
 
ခင်ဇော်လင်း(မှော်ဘီ)

"ချစ်သူသိစေ"





ကြင်နာသူအပြုံးက

မောင့်ရင်ကိုနွေးထွေးစေတယ်

ကြင်နာသူစကားလေးတွေက

မောင့်ရင်ကိုခွန်အားတွေတိုးစေတယ်

ချစ်သူရေ

အကြင်နာအနမ်းတစ်ချက်က

ဒီကမ္ဘာမှာစစ်မဖြစ်နိုင်ပေမယ့်

ဒီမောင့်ကို ရူးသွပ်သွားစေတယ်နော်

ချစ်သူစိတ်ကောက်မှာကို

အဏုမြူဗုံးပေါက်မှာလောက်

ကြောက်နေမိတယ်

မမြင်တာကြာတော့လည်း

ချစ်သူကမေ့သွားမှာကို

စိုးတထိတ်ထိတ်နဲ့

ရင်ခုန်မိတယ်

ချစ်သူပျော်ရွှင်ပါစေ.......................။



ခင်ဇော်လင်း (မှော်ဘီ)

"ချစ်ကောင်မလေး"




ပန်းလေးတွေငို

ငှက်တေးဆို

ချစ်သူရဲ့အလှ

တုမရ

ရွှေထက်ဖိုးတန်

ချစ်စိတ်ကူးလေး

မောင့်ရင်တွေ

ပျော်ရွှင်သွားအောင်

ဖမ်းစားသွားတယ်

အပြုအမှုလေးတွေက

ကယုကယနဲ့ဖြင့်

ချစ်စရာ့အသွင်

မြင်သူရွှင်မြူး

ကြည်နှုးခြင်းမဝ

တွေးတိုင်းပျော်မိ

ချစ်သူလေးကို

ဘယ်ဒေ၀ါနတ်တို့က

ဒီမောင်အတွက်

ဖန်ဆင်းပေးပါလိမ့်.............။



ခင်ဇော်လင်း (မှော်ဘီ)

ဖတ်မိ၊ကြားမိ၊တွေးမိသော ဟာသ ဒသန စာစု ဗီတာမင် အားဆေးများ




၁။ တစ်ရက်ရယ်မောနေခြင်းဟာ ထိုသူ၏ အသက်ကို တစ်လပိုကြာရှည်စွာနေနိုင်စေ၏။

၂။ကိုယ့်အပေါ်တွင် မတရားအပြစ်တင် ပြောဆိုပြုမှုလာသောသူအား အကောင်းဆုံးသော တန်ပြန်နည်းဟာ ရယ်မောနေပြခြင်းပါပဲ။

၃။ဥာဏ်ကောင်းသောသူဟာ ရယ်မောနေတတ်သည့် အလေ့အထကြောင့် ထိုသူရဲ့ဘ၀ဟာ အမြဲ ကံကောင်းနေလေ့ရှိ၏။

၎။လူမူပေါင်းသင်းဆက်ဆံရေးရဲ့ အကောင်းဆုံးသော ဆက်သွယ်ရေးသင်္ကေတဟာ အပြုံးဖြင့် နှုတ်ဆက်ခြင်းသာ ဖြစ်တယ်။

၅။လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်...။ ဒါပေမယ့် အဲ့ဒီအတွေးတွေကိုတော့ မပိုင်ဆိုင်နိုင်ကြဘူး။

၆။လောကကြီးမှာ လမ်းလျှောက်နေကြတဲ့သူတွေ အများကြီးရှိကြတယ်..။ ဒါပေမယ့် လမ်းပျောက်နေကြတဲ့ သူတွေလည်း  အများကြီးရှိကြတယ်။

၇။လူ့ဘ၀တစ်လျှောက်လုံးမှာ လူ့လောကကြီးအတွက် ဘာမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ရင်နေပါစေ.။ သစ်ပင်လေးတစ်ပင်တော့ လူသားတွေအတွက် စိုက်ပျိုးခဲ့နိုင်ပါစေ..။

၈။ချိုသာသောစကားတစ်ခွန်းဟာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးနဲ့တူတယ်။

၉။ကိုယ့်ဘ၀ကို ကိုယ့်ကပဲဖန်တီးရမှာပါ။

၁၀။နေရာတကာကို ကော်ပီချည်းပဲလုပ်မနေပါနဲ့ ကိုယ်ပိုင်လည်းတီထွင်နိုင်ပါတယ်..။

၁၁။လူတွေဟာ သူတို့ရဲ့ ဘ၀သက်တမ်းတစ်လျှောက်ကို ပျော်ရွှင်ခြင်းအနည်းငယ်နှင့် စိတ်ဆင်းရဲခြင်း များစွာဖြင့် ဖြတ်သန်းခဲ့ကြတယ်။

၁၂။လူတွေဟာ အေးချမ်းသာယာပြီး ခေတ်မီလှပတဲ့ ဘ၀လေးကို လိုချင်ကြတယ် ဒါပေမယ့် အဲ့ဘ၀လေးကိုပဲ သူတို့က အကြောင်းအမျိုးမျိုးဖြင့် ဖျက်ဆီးပစ်ကြပြန်တယ်။

၁၃။အလုပ်ကို လုပ်ချင်တဲ့သူတွေအတွက် အကြံဥာဏ်တွေရှိနေပြီး အလုပ်မလုပ်ချင်တဲ့ သူတွေ အတွက်ကတော့ အကြောင်းပြချက်တွေ ရှိနေတယ်။


                                                                                                                      ခင်ဇော်လင်း (မှော်ဘီ)

“ဖူးစာ”

"ဖူးစာ"



လမ်းပေါ်မှာကားတွေ

တရှိန်ထိုးပြေးလွှားနေတယ်

လူတွေကလည်း

ဥဒဟိုသွားလာနေတယ်

များပြားလှတဲ့

ဖန်တီးမှုကြားမှာ

မမျှော်လင့်ပဲ

ဆုံတွေခွင့်ရပြီး

ချစ်မိခဲ့ရတာ

မောင့်တစ်ဘ၀အတွက်တော့

အပျော်ရွှင်ဆုံးနေတွေများထဲက

နေ့မြတ်လေးတစ်နေ့လို

ခံစားမိတယ်

အနေဝေးပေမယ့်

မောင့်စိတ်တွေက

မင်းလေးထံပါးကနေ

တစ်ဖ၀ါးမှမခွါရက်နိုင်ဘူး

အဲ့ဒါကလေ

မောင် မင်း ကိုချစ်လို့ပါ.............................။



ခင်ဇော်လင်း (မှော်ဘီ)
 
Free Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Website templateswww.seodesign.usFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver