"ဒီလိုမနေ နဲ့ ဒီလိုနေ"



ပန်းလေးတွေထက် မွှေးပျံ့အောင် မင်းမစွမ်းဆောင်နိုင်ဘူး ဒါပေမယ့် ပန်းလေးတွေကိုမြင်ပြီး မင်းမွှေးပျံ့မှုကို ခံစားနိုင်တယ် ပျော်ရွှင်ခြင်းဆိုတာကိုမင်းမဖန်တီးနိုင်သေးခင်မှာ သူများရဲ့ ပျော်ရွှင်မှုတွေကို မျှဝေခံစားနိုင်ပါတယ်... ပျော်ရွှင်မှုကို ကိုယ်တိုင်လည်းဖန်တီးခံစားနိုင်သလို သူများတွေကိုလည်း ကိုယ်နဲ့ထပ်တူ ခံစားနိုင်ဖို့ မျှဝေနိုင်ပါတယ်... ပျော်ရွှင်တာကကောင်းပါတယ် ဒါပေမယ့်ပျော်ဝင်သွားရင်တော့ ပျောက်သွား မှာပေါ့နော် ဒါကြောင့်ပျော်ရွှင်နိုင်ပါတယ် မပျော်ဝင်ပါစေနဲ့ မိမိဟာ လူ့စည်းကမ်းတစ်ခုကို လိုက်နာလိုက် မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလေးမှာ နည်းနည်း ငြိမ်းချမ်းသွားနိုင်တယ် ဒါကြောင့် မိမိကစပြီး ပတ်ဝန်း ကျင်လေးကို စံနမှုနာတစ်ခုအဖြစ် ဆောင်ရွက်ပြလိုက်ပါ လူသားတွေအားလုံး ပျော်ရွှင်လာပါလိမ့်မယ်

ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ နေ့စဉ်အလုပ်မှာ ပျော်ရွှင်မှု အနည်းငယ်နဲ့ စိတ်ညစ်မှုများစွာဖြင့် လုပ်ဆောင်နေရလို့ပါပဲ ပျော်ရွှင်မှုဆိုတာ ဖန်တီးယူလို့ရပါတယ် ဘယ်လိုဖန်တီးယူမလဲဆိုတော့ ဥပမာ
စိတ်ညစ်တယ်လို့ ပြောမယ့်အစား ငါပျော်လိုက်တာလို့ပြောကြည့်ပါ  မကြာမကြာ ပြောကြည့်ပါ ပျော်ရွှင်လာတယ်လို့ ခံစားရလာပါလိမ့်မယ် ဒါကြောင့်လေ အပြုသဘောတွေကိုဆောင်ရင် အပြုသဘောတွေ ရမယ်ပေါ့ဗျာ ပျော်ရွှင်မှုတွေကိုဆောင်ရင် ပျော်ရွှင်ခြင်းတွေရလာမှာပေါ့ ဒါဆို လှပပြီး သာယာတဲ့ ကိုယ်ပိုင်ဘ၀လေးတစ်ခု ဖြစ်လာမှာပါပေါ့ဗျာ အဲ့အထဲမှာတော့ဟန်ဆောင်မှုကင်းတဲ့
ပျော်ရွှင်မှု ဆိုတာကတော့ တန်ဖိုးဖြတ်လို့မရနိုင်အောင် အဖိုးတန်ဆုံးပါပဲဗျာ


            တင်ပြသူ....... ခင်ဇော်လင်း (မှော်ဘီ)

0 comments:

Post a Comment

 
Free Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Website templateswww.seodesign.usFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver