Monday, September 13, 2010

နံနက်ဖြန်

"နံနက်ဖြန်"




 

နေ့သစ်တိုင်းကို

ငှက်တေးတွေဖြင့်

ရှင်နေမင်းက

တံခါးဖွင့်ပေးတယ်

ကိုယ့်ဘ၀ရဲ့

ရင်တံခါးလေးကို

လှပတဲ့အနမ်းတွေနဲ့

ချစ်သူက

ဖွင့်ပေးခဲ့တယ်

သာယာတဲ့နေ့တစ်နေ့မှာ

လှပပြီးမွှေးပျံ့တဲ့

ပန်းခင်းထဲမှာ

ချစ်နဲ့ကိုယ်

တူယှဉ်တွဲဖို့

အိပ်မက်ကနှိုးတိုင်း

တမ်းတမိဖူးတယ်

ပန်းလေးတွေလှပသလို

ချစ်သူကလည်း

မောင့်ရင်မှာ လှနေတယ်

လေပြေအေးလေးတွေက

သာယာစွာတိုက်ခတ်နေသလို

ချစ်သူရဲ့ အသံလေးတွေက

မောင့်နှလုံးသားကို

ခွန်အားသစ်တွေ

မွေးဖွားစေတယ်

ချစ်သူတစ်ယောက်ကို

အသက်ရှုပျောက်တောင်

ချစ်နေမိတာ

မောင့်အပြစ်မဟုတ်ပါဘူးနော်

ဒါဟာလေ

မင်းကို မောင်ချစ်နေလို့ပေါ့.............။
 
 
ခင်ဇော်လင်း(မှော်ဘီ)

No comments:

Post a Comment