Sunday, September 5, 2010

"ချစ်ကောင်မလေး"




ပန်းလေးတွေငို

ငှက်တေးဆို

ချစ်သူရဲ့အလှ

တုမရ

ရွှေထက်ဖိုးတန်

ချစ်စိတ်ကူးလေး

မောင့်ရင်တွေ

ပျော်ရွှင်သွားအောင်

ဖမ်းစားသွားတယ်

အပြုအမှုလေးတွေက

ကယုကယနဲ့ဖြင့်

ချစ်စရာ့အသွင်

မြင်သူရွှင်မြူး

ကြည်နှုးခြင်းမဝ

တွေးတိုင်းပျော်မိ

ချစ်သူလေးကို

ဘယ်ဒေ၀ါနတ်တို့က

ဒီမောင်အတွက်

ဖန်ဆင်းပေးပါလိမ့်.............။



ခင်ဇော်လင်း (မှော်ဘီ)

No comments:

Post a Comment