Thursday, August 19, 2010

"နတ်မိမယ်လေး"





သော်တာလမင်းရဲ့

ဝိုင်းစက်တဲ့မျက်နှာ

အေးမြတဲ့အပြုံး

နှင်းဆီရောင်နှုတ်ခမ်းလေးကို

ဖက်ဖူးရောင်သွေးပါလို့ရယ်

လှရက်လေတယ်

ဇင်ယော်တောင်မျက်ခုံးလေးက

ညှို့ယူပြင်းတဲ့

စွဲမက်ဖွယ်

မျက်လုံးလေးကို

တင့်တယ်စေတယ်

ဆံနွယ်လေးတွေက

ပိတုန်းရောင်လက်နေတော့

မြင်ရသူဘ၀င်ကို

ခိုက်ခုန်စေတယ်

ဆွတ်ပျံ့ဖွယ်

သနပ်ခါးနံ့လေးတွေနဲ့

မြန်မာဆန်အောင်

လှရက်လွန်းသူ

ခန္ဒာကိုယ်အလှက

တော်လေးဝ ၀င်သလို

ချစ်ကြင်ရသူ

ဒီမောင့်ရင်ကို

သွက်သွက်ခါအောင်

ဖမ်းစားလေသလား

ကြင်နာသူရဲ့

အကြည့်တစ်ချက်အောက်

ဖ၀ါးတော်မှောက်မှာ

မပျံသန်းနိုင်တဲ့

လိပ်ပြာလေးအသွင်

ရစ်ဝဲခိုမိ

သနားတော်မှု

အချစ်တော်ပိုပါလို့ရယ်

ဒီမောင်ရင်ခွင်ကို

ငဲ့ညှာပါအုံးးးးးးးးးးးးးးးးးးးးး။



ခင်ဇော်လင်း (မှော်ဘီ)

No comments:

Post a Comment