Thursday, August 19, 2010

"အိပ်မက်ထဲက ရွှေမင်းသမီး"





သန်းခေါင်ယံညထဲ

ငါမှေးစက်နားတော့

မပီဝိုးတစ်ဝါး

ငါ့အာရုံမှာ

ရွှေမင်းသမီးလေး

ပေါ်ထင်လာခဲ့

မွှေးပျံ့နေတဲ့

ပန်းဥယျာဉ်ထဲ

ဖြူဖွေးဥတဲ့

ရွှေမင်းသမီးရဲ့

လက်တစ်ဖက်လေးကို

နွေးထွေးစွာဖြင့်

လှမ်းကိုင်မိကာ

လက်ချင်းယှဉ်လျှက်

တွဲပျော်ခဲ့တယ်

သာယာဖွယ်အသံလေးဖြင့်

ကြင်နာသူရွှေမင်းသမီးက

သံစဉ်လေးတစ်ပုဒ်

ဆိုညဉ်းပေးတော့

ချော့မြူသံလေးကြားမှာ

ငါဟာမှေးစက်လျှက်

နစ်မြောသွားမိ

အလန့်တကြား

နိုးထမိတော့

ရွှေမင်းသမီးလေးက

အနားမှာရှိမနေခဲ့

အလူးအလဲရှာဖွေကြည့်တော့

ငါ့အိပ်ယာနံဘေးနားမှာ

မွှေးပျံ့တဲ့ရနံ့တွေရယ်

လှပတဲ့ပန်းလေးတစ်ပွင့်ရယ်

တည်ရှိနေခဲ့တယ်

တကယ်လော

အိပ်မက်လေလော

ဝေခွဲမရခဲ့.....................။



ခင်ဇော်လင်း (မှော်ဘီ)

No comments:

Post a Comment