မင်းမျက်နှာလေး
ပြုံးပျော်ရွှင်စေဖို့
ဘာလုပ်ရရ
ကိုယ့်ရင်ခွင်မှာ
အဆင့်သင့်ပါနော်
ချစ်သူရယ်
မင်းလွမ်းသလို
မောင်လည်းလွမ်းတယ်
အနေဝေးပေမယ့်
စိတ်ချင်းက လေ
ယှဉ်တွဲလျှက်နော်
တူနှစ်ကိုယ်ပျော်ခဲ့
ဘ၀လေးရယ်
ခဏတာပေမယ့်
တသသနဲ့
လွမ်းရတက်ပွေတယ်
အကြင်နာစကားလေးက
ဒီရင်ခွင်ကို
အချိန်တိုင်းတိုင်း
ထိမှန်နေတော့
မောင့်ရင်တွေ
မောပန်းရတယ်
အနမ်းတစ်ပွင့်လောက်နဲ့
ဒီမောင့်ရင်ခွင်
လန်းဆန်းသွားအောင်
ကြင်နာစွာဖြင့်
ထွေးပွေ့ပါအုံးးးးးးးးးးးးးးးးး။
ခင်ဇော်လင်း(မှော်ဘီ)
No comments:
Post a Comment