Monday, August 16, 2010

“စစ်မှန်တဲ့ ပျော်ရွှင်ခြင်းသတင်း”




ပျော်ရွှင်ခြင်းဟာ တကယ်တော့ အဝေးမှာမဟုတ်ဘူး ကိုယ့်အနီးအနားလေးမှာ ငုတ်တုတ်လေး ထိုင်စောင့်နေတဲ့ သူပေါ့။

ကိုယ်က ခေါ်နိုးနိုးနဲ့ အားငယ်စိတ်လေးဖြင့် ကိုယ့်ကိုမရဲတရဲကြည့်နေတယ်လေ။

ဒါကို မသိကြတော့ ပျော်ရွှင်ခြင်းကိုအဝေးမှာလျှောက်ရှာနေကြရော ......... 
အချိန်တွေကုန် ငွေတွေကုန်နဲ့ ပြီးတော့ စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို မရပြန်ဘူး.......... 
ပျော်ရွှင်ခြင်းဟာ ကိုယ့်ဘေးနားမှာ အမြဲတမ်းလိုရှိနေတယ် နော်..

ဒါကြောင့် ပျော်ရွှင်ချင်တဲ့သူများကို အထူးလက်ဆောင်ပေးချင်တာတော့ ကိုယ်ဘေးနားမှာ ရှိနေတဲ့ ပျော်ရွှင်ခြင်းကို ကိုယ်က အရင်ဆုံး အပြုံးလေးနဲ့သာ ပြလိုက်ပါ သူက ၀မ်းသာစွာနဲ့ ရောက်လာပါ လိမ့်မယ်။


ခင်ဇော်လင်း (မှော်ဘီ)

No comments:

Post a Comment